TDO Accountancy and Management Training Center

LCCI (UK), ACCA, CPA

Start study now

TDO Training Center

TDO Training School ကို 2008 ခုနှစ် နို၀င်ဘာလတွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၌  တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။ သင်ကြားလျက်ရှိသော ဘာသာရပ်များမှာ −

  • ACCA (Association of Charter Certified Accountants)
  • CPA (Certified Public Accountant)
  • LCCI (Landon Chamber of Commerce and Industry)
  • Dip IFR (Diploma in International Financial Reporting)
  • Cert IFR (Certificate in International Financial Reporting)
  • Management Courses
  • Job Training for Accountants
  • Computer Application Course
  • Myanmar Taxation Training , Consultation
  • Financial Management for INGO တို့ဖြစ်ပါတယ်။

TDO Training School ကို ဉီးဆောင်တည်ထောင်သူမှာ ဒေါ်သီတာဉီး (B.Com, CPA, ACCA(P), Dip IFR) ဖြစ်ပါတယ်။ ဒေါ်သီတာဦးသည် TDO Business Solution Company Limited ရဲ့ Managing Director  (၁) ဦးလဲ ဖြစ်ပါတယ်။

Read more

Easy Online Learning System

Practice with Account Software

Discuss with Community

ACCA, CPA, LCCI Exam Practice

Our Experienced Lecturer

TDO သင်တန်းကျောင်းမှ အတွေ့အကြုံရင့် ဆရာ၊ဆရာမများ ဖြင့် သင်ကြားပို့ချပေးနေပါပြီ ...

ACCA COURSE

ACCA အဖွဲ့အစည်းကို 1904 ခုနှစ်၌ England နိုင်ငံတွင် ဖွဲ့စည်းခဲ့ပြီး ကမ္ဘာပေါ်တွင် စာရင်းကိုင် ပညာရှင်များ မွေးထုတ်သော ဂုဏ်သိက္ခာမြင့် အဖွဲ့အစည်း(၁)ခု ဖြစ်ပါသည်။

ACCA လက်မှတ်ရ စာရင်းကိုင်များသည် ကမ္ဘာနေရာအနှံတွင် အသိအမှတ်ပြု စာရင်းကိုင်များဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလဲပေါများသောကြောင့် ACCAကို နိုင်ငံပေါင်း 100ကျော်တွင် လေ့လာလျက် ရှိကြပါသည်။ ACCA (UK) ဘာသာရပ်များကို မည်သည့်ဘွဲ့ရမဆို၊ စာရင်းအခြေခံ သင်တန်းပြီးထား သူများ တက်ရောက်နိုင်ပါသည်။

CPA CERTIFIED PUBLIC ACCOUNTANT

မြန်မာနိုင်ငံ အသိအမှတ်ပြုလက်မှတ်ရ ပြည်သူ့စာရင်းကိုင် (CPA) တစ်ဉီးဖြစ်လိုသူများ  တက်ရောက်ရ မည့်  သင်တန်းဖြစ်ပါတယ်။ CPA စာမေးပွဲများကို မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးစစ်ဆေးပေးပြီး၊ CPA တစ်ယောက်ဖြစ်ပါက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၏ စာရင်းစစ်ဆေးခြင်း Auditing ကို လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ CPA တွင် Part I နှင့် Part II (2) ပိုင်း ခွဲထားပါသည်။ 

DIP IFR (Diploma in International Financial Reporting)

ACCA အဖွဲ့အစည်းမှ ပေးအပ်သော Accounting ဆိုင်ရာ diploma (1) ခုဖြစ်ပါသည်။

  • ဘဏ္ဍရေးရှင်းတမ်းများကို နိုင်ငံတကာ စာရင်းကိုင်စံနှုန်းများဖြင့်  ရေးဆွဲနိုင်ရန်အတွက် − အဓိကထားသင်ကြားပေးသော ဘာသာရပ် ဖြစ်ပါသည်။
  • ဘွဲ့ရပြီးသူများ, စာရင်း diploma လေ့လာပြီးသူများမှ ထပ်မံလေ့လာရန်အတွက်  တက်ရောက် သင့်ပါသည်။
  • Dip IFR တက်ရောက်ထားသူများ ACCA  တက်လျှင် FR ဘာသာရပ်အား Exemption ရမည်။
  • (၁) နှစ်လျှင် (၂) ကြိမ် (June နှင့် December ) လများတွင် စာမေးပွဲစစ်ဆေးပါသည်။

လေ့လာနိုင်သော သင်ခန်းစာများ

အမှတ် ၂၉ ဒီ၊ ခိုင်ရွှေဝါလမ်းတို၊ လှည်းတန်းအင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။